နောက်ခံအကြောင်းအရာနှင့် ရှင်းလင်းချက်
အမုန်းစကားများ မြင့်တက်လာမှုသည် လူထုအတွက်လည်းကောင်း၊ အုပ်ချုပ်ရေး ယန္တရားများအတွက်လည်းကောင်း၊ ကမ္ဘာနှင့်တဝှမ်းရှိ အွန်လိုင်းပလက်ဖောင်းများတွင်လည်းကောင်း အရေးပေါ် ပြသနာတရပ်ဖြစ်လေသည်။ ထို့အတွက်ကြောင့် အစိုးရပိုင်းဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် သီးသန့်အုပ်စုဝင်များအပေါ် အကြမ်းမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ပြန်လည်တုန့်ပြန်ရန် အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုများကို အတူတကွပူးပေါင်းဖော်ဆောင်လျက်ရှိကြသည်။ ၄င်းနှီးနှောဖလှယ်မှုများ၏ အထွေထွေ အကြံပြုချက်များတွင်
၁) အမုန်းစကားများအား စောင့်ကြည့်လေ့လာရန် နှင့် လက်ခံဆောင်ရွက်သည့် ယန္တတရားတခု ဖော်ဆောင်ရန်
၂) အမုန်းစကားနှင့် ပတ်သတ်သော အချက်အလက်များ စုစည်းထားရှိရန် နှင့်
၃) အမုန်းစကားပြန့်ပွားမှုများကို လျော့ချရန်၊ အရေးယူဆောင်ရွက်ရန် နှင့် ပြန်လည်ကုစားရန် လူထုအကြား အသိပညာပေးမှုများ လုပ်ဆောင်ရန် တို့ပါဝင်သည်။
၂၀၂၀ ခုနစ်တွင် ALTSEAN နှင့် APPAPတို့သည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ လူထုအတွက် အမုန်းစကားဖြစ်ပေါ်မှုများကို တိုင်ကြားနိုင်သည့် ယန္တရားတခုဖြစ်သော SOS Hate APP ကို ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ SOS Hate အက်ပလီကေးရှင်းကို မြန်မာနိုင်ငံအခြေပြု Seagull အဖွဲ့ နှင့် မလေးရှားနိုင်ငံအခြေပြု Beyond Borders အဖွဲ့များ၏ ဘာသာစကား သုံးမျိုးပါ ဖန်တီးမှုဖြစ်စေရန် ပံ့ပိုး ကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ဖန်တီးခဲ့သည်။
အက်ပလီကေးရှင်းဖန်တီးလုပ်ဆောင်မှုကို မြန်မာနှင့် မလေးရှားရှိ ဦးတည်အုပ်စုဆွေးနွေးမှုများဖြင့် အကြောင်းကြားလုပ်ဆောင်ခဲ့သည်။ အက်ပလီကေးရှင်း ဒီဇိုင်းကို Brisbane, Australia အခြေပြု၊ ဒစ်ဂျစ်တယ် မားကတ်တင်း အေဂျင်ဆီတခု ဖြစ်သည့် Sonder က တာဝန်ယူရေးဆွဲခဲ့သည်။ ၄င်းအက်ပလီကေးရှင်းသည် အခြေခံလူထုများ၊ ပညာရပ်ဆိုင်ရာများ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ လိုအပ်ချက်ကို တုန့်ပြန်ဖြည့်ဆည်းရန် နှင့် အပြန်အလှန်ဆက်သွယ်နိုင်ပြီး အမုန်းစကားများကို တိုင်ကြားခြင်းအတွက် အသုံးဝင်သည့် နည်းလမ်းတခုဖြစ်စေရန် ရည်ရွယ်ပါသည်။
အက်ပလီကေးရှင်း ဒီဇိုင်း
ဤ အက်ပလီကေးရှင်းကို ဖန်တီးလုပ်ဆောင်ရခြင်း၏ ပင်မရည်ရွယ်ချက်မှာ အသုံးပြုသူများအနေနှင့် အက်ပလီကေးရှင်းမှ အကြံပြုချက်များ ရရှိစေရန်ဖြစ်ပါသည်။ ဖေစ့်ဘုတ်၏ လုပ်ငန်းစဥ်တခုဖြစ်သည့် အကြောင်းအရာများအပေါ်တိုင်ကြားနိုင်မှုတို့ကဲ့သို့သော အမုန်းစကားများကို တိုင်ကြားနိုင်သည့် အမျိုးမျိုးသော ယန္တရားများသည် တိုင်ကြားမှုများ ပေးပို့နိုင်ခြင်းအတွက်သာလျင် အသုံးပြုနိုင်ပြီး အများအားဖြင့် ပြန်လည်တုန့်ပြန်ချက်များ မရှိတတ်ပေ။ ဤအက်ပလီကေးရှင်းသည် ၄င်းပြသနာကို နည်းလမ်း ၃ ခုဖြင့် ဖြေရှင်းနိုင်ရန် ဖန်တီးထားပါသည်။
၁) အက်ပလီကေးရှင်းသည် အသုံးပြုသူများထည့်သွင်းလိုက်သော သတင်းအချက်အလက်များပေါ်တွင် အခြေခံကြောင်း အသုံးပြုသူများကို တင်ပြထားပါသည်။ အမုန်းစကားသည် မည်သည့်အွန်လိုင်းပလက်ဖောင်းတွင် ကျူးလွန်ထားသည်ဖြစ်စေ၊ အမုန်းစကားသည် ၄င်းတို့နိုင်ငံ၏ ဥပဒေများကို ချိုးဖောက်သည်ဖြစ်စေ ထည့်သွင်းဖော်ပြနိုင်ပါသည်။
၂) အက်ပလီကေးရှင်းသည် အသုံးပြုသူအား ၄င်း၏သတင်းအချက်အလက်များမှ ကာကွယ်ပေးရန်အတွက် အသုံးပြုသူဆန္ဒရှိပါက ဆက်သွယ်နိုင်ရန် နှင့် ကုစားမှုအတွက် လမ်းညွှန်ချက်များပေးနိုင်ရန် အက်ပလီကေးရှင်း ဝန်ထမ်းများ ဖန်တီးလုပ်ဆောင်ပေးထားပါသည်။
၃) အက်ပလီကေးရှင်းသည် တိုင်ကြားလာသော အချက်အလက်များကို Back End တွင် စုဆောင်းထားရှိမည်ဖြစ်သည်။ အက်ပလီကေးရှင်းဝန်ထမ်းများအနေနနှင့် အချို့သော သတင်းအချက်အလက်အစိတ်အပိုင်းများကို အမုန်းစကားပြန့်နှံ့နေမှုများပြသနိုင်ရန် နှင့် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများဖြစ်ပေါ်လာစေရေးကို စည်းရုံးလှုံဆော်ရန်အတွက် ဖေစ့်ဘုတ်ကဲ့သို့သော ပလက်ဖောင်းများသို့ ပေးပို့သွားရန် ခွင့်ပြုထားပါသည်။
A ဤအက်ပလီကေးရှင်း၏ ဒုတိယ အားကောင်းချက်မှာ အသုံးပြုသူများအနေနှင့် ၄င်းတို့ အတွက် အန္တရယ်ကျရောက်နေသည်ဟု ခံစားရသည့်အခါ၊ မိမိကိုယ်ကို ထိခိုက်နစ်နာစေနိုင်သည်ဟု ယူဆမိသည့်အခါ သို့တည်းမဟုတ် ၄င်းတို့တိုင်ကြားလိုက်သော အဖြစ်အပျက်ကြောင့် စိတ်မသက်မသာဖြစ်နေရခြင်းများအတွက် ရင်းမြစ်များ ဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အသုံးပြုသူများနှင့် မလေးရှားနိုင်ငံမှ အသုံးပြုသူများအတွက် ရင်းမြစ်များကို အသေးစိတ်အချက်အလက်များဖော်ပြပါရှိပါသည်။
ဤအက်ပလီကေးရှင်းသည် အသုံးပြုသူများကို ၄င်းတို့ကိုယ်တိုင် ရှေ့ဆက်လုပ်ဆောင်ခြင်းနှင့် အက်ပလီကေးရှင်း ဝန်ထမ်းများ၏ အထောက်အကူရယူခြင်းတို့အတွက် အဆင့်အလိုက် ဆုံးဖြတ်ခွင့်ပေးထားပါသည်။
အက်ပလီကေးရှင်း၏ ဖြည့်သွင်းချက်များအရ အသုံးပြုသူသည် ၄င်းတို့လိုအပ်သော လုပ်ဆောင်ချက်အမျိုးမျိုးကို လက်ခံရရှိမှာဖြစ်သည်။ သို့သော် ၄င်း၏ လုပ်ငန်းစဥ် ပြီးမြောက်စေရန် ဝန်ထမ်းများ၏ ကူညီထောက်ပံ့မှုကို ခွင့်ပြုရန် လက်ခံခြင်း နှင့် ငြင်းပယ်ခြင်းတို့အတွက် မေးမြန်းသွားမည်ဖြစ်သည်။
အသုံးပြုသူက ခွင့်ပြုခဲ့သည်ဆိုပါလျင် ၄င်းအနေနှင့် ဆက်လက်လုပ်ဆောင်သွားနိုင်ရန် နှင့် တိုင်ကြားမှုကို ဖွဲ့စည်းတည်ဆောက်နိုင်ရန် အစရှိသော နောက်အဆင့်များအတွက် အက်ပလီကေးရှင်းအဖွဲ့ဝင် ဝန်ထမ်းက ပါဝင်လုပ်ဆောင်ပေးသွားမည်ဖြစ်သ Ratio အခြေခံအကြောင်း – ၄င်းတို့၏ ပုဂ္ဂလိကလွတ်လပ်ခွင့်၊ လုံခြုံခွင့် နှင့် အခြားသော အကြောင်းပြချက်များအတွက် အက်ပလီကေးရှင်းဝန်ထမ်းများနှင့် သီးခြား ဆွေးနွေးမှုလုပ်ဆောင်လိုသောသူများအတွက် ၄င်းတို့အလိုရှိသော ကုစားမှုများကို လုပ်ဆောင်နိုင်ပါသည်။ အဖြစ်အပျက်၊ ချိုးဖောက်မှုနှင့် ပတ်သတ်ပြီး ဆွေးနွေးလိုသောသူများအတွက် လိုအပ်သော အကူအညီများကို အက်ပလိကေးရှင်းဝန်ထမ်းများက ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါသည်။
အသုံးပြုသူ၏ တိုင်ကြားမှုကို လက်ခံရှိသော ဝန်ထမ်းသည် အသုံးပြုသူအား ပြန်လည်အကြောင်းပြန်ပေးသွားမည်ဖြစ်သည်။ ထို့အတွက် ထိရောက်မှုရှိစေရန် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သင်တန်းတက်ရောက်ထားပြီးသူများဖြစ်ပါသည်။
အသုံးပြုသူအတွက် ထုတ်ပြန်ပေးသော အချက်အလက်များ
အက်ပလီကေးရှင်းတွင် ပါရှိသော မေးခွန်းများကို အသုံးပြုသူ၏ ဖြေကြားချက်များပေါ်မူတည်၍ ၄င်းသည် အောက်ပါတို့အနက်မှ အချို့ သို့မဟုတ် အားလုံးကို လက်ခံရရှိမည်ဖြစ်သည်။
• အသုံးပြုသူအနေနှင့် ဥပဒေပိုင်းဆိုင်ရာ ကုစားမှု တောင်းခံနိုင်စေရန် ချိုးဖောက်မှု ဖြစ်စဥ်အပေါ်တွင် မြန်မာနိုင်ငံ သို့မဟုတ် မလေးရှားနိုင်ငံ ဥပဒေများ၏ ကာကွယ်ပေးထားမှု အသေးစိတ်အချက်အလက်များ၊
• အသုံးပြုသူ၏ ကျူးလွန်ခံရမှုအတွေ့အကြုံအရ အွန်လိုင်းပလက်ဖောင်းများတွင် မည်ကဲ့သို့ တိုင်ကြားနိုင်သည်ကို ဖော်ပြသော အသေးစိတ်သတင်းအချက်အလက်များ
• လူ့အခွင့်ရေး လုပ်ငန်းစဥ်များနှင့် ယန္တရားများသို့ တရားဝင်တိုင်ကြားမှု မည်သို့ ပို့ဆောင်ရမည်ကို ဖော်ပြသော သတင်းအချက်အလက်များ
• အမုန်းစကားနှင့် အမုန်းစကားကို အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဆက်လက်လေ့လာနိုင်ရန် ရင်းမြစ်များ
• အသုံးပြုသူအနေနှင့် မြန်မာနှင့် မလေးရှားရှိ ပြည်တွင်း အမုန်းစကားဆိုင်ရာ အသိုက်အဝန်းအုပ်စုများတွင် ပါဝင်ပတ်သတ်လာနိုင်စေရန် အဆက်အသွယ်သတင်းအချက်အလက်များ
အသုံးပြုသူသည် အက်ပလီကေးရှင်းကို အသုံးပြုကာ ရလဒ်ကို အကြံပြုပါ (Suggest a Result Option) နည်းလမ်းကို ရွေးချယ်၍ မျှော်မှန်းရလဒ်များကို မေးမြန်းတောင်းဆိုနိုင်ပါသည်။ သို့ရာတွင် ၄င်းနည်းလမ်းမှာ အက်ပလီကေးရှင်းတည်ဆောက်မှုတွင် မပြီးသေးသော လုပ်ငန်းစဥ်တခုဖြစ်ပါသည်။ နောင်တွင် ဖန်တီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။
အခြေခံအကြောင်းရင်း – လေ့လာတွေ့ရှိချက်များအရ ၄င်းတို့သည် မြန်မာနှင့်မလေးရှားရှိ အမုန်းစကားများတွေ့ကြုံခံစားလျက်ရှိသော လူထုအတွက် အကောင်းဆုံး ရင်းမြစ်တခုဖြစ်သည်။ အခြားစဥ်းစားချက်တခုအနေနှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် လုံခြုံရေးဆိုင်ရာ စဥ်းစားချက်တခုဖြစ်သော အမုန်းစကားနှင့်ပတ်သတ်သော ပြစ်မှုကျူးလွန်သူများထံ ရောက်ရှိသွားပြီး ပြေလည်စေရေးအတွက် လုပ်ဆောင်သွားနိုင်ခြင်း ဖြစ်ပါသည်။
နောက်ဆက်တွဲလုပ်ငန်းစဥ်
အက်ပလီကေးရှင်းကို အသုံးပြုနေစဥ်တွင် အသုံးပြုသူသည် ၄င်း၏သတင်းအချက်အလက်များကို အက်ပလီကေးရှင်း ဝန်ထမ်းသို့ မျှဝေရန် ဆန္ဒရှိ မရှိ မေးမြန်းသွားမည်ဖြစ်သည်။ ထို့ကဲ့သို့ပင် ၄င်းတို့၏ ဆက်သွယ်မှုဆိုင်ရာ အချက်အလက်အသေးစိတ်ကို မေးမြန်းသွားမည်ဖြစ်သည်။ အသုံးပြုသူသည် ၄င်း၏ သတင်းအချက်အလက်များကို မျှဝေရန် ဆန္ဒရှိသည်ဆိုပါစို့ အက်ပလီကေးရှင်းအဖွဲ့ဝင်ဝန်ထမ်းသည် အသုံးပြုသူ၏ တိုင်ကြားမှုအတွက် တတ်နိုင်သမျှ ချက်ခြင်း လိုက်ပါဆောင်ရွက်သွားမည်ဖြစ်သည်။ ကျူးလွန်မှုနှင့် ပတ်သတ်၍ ထပ်မံလေ့လာခြင်းများ၊ အသုံးပြုသူနှင့် နောက်ထပ်အဆင့်များအတွက် ဆွေးနွေးခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ အသုံးပြုသူသည် အက်ပလီကေးရှင်းဝန်ထမ်းနှင့် ဆက်သွယ်ပြောဆိုမှုကို ရပ်တန့်ရန်အတွက် အချိန်မရွေး ရွေးချယ်နိုင်ပါသည်။ အသုံးပြုသူ၏ ဆန္ဒသည်သာ ပဓာနဖြစ်ပါသည်။
အချက်အလက်စုဆောင်းခြင်း
အက်ပလီကေးရှင်းရှိ မေးခွန်းများကို အသုံးပြုသူက ဖြည့်စွက်ပြီးသည့်အခါ ၄င်းအချက်အလက်များသည် အက်ပလီကေးရှင်းဝန်ထမ်းသာ မြင်နိုင်သော ပုံစံတခုအဖြစ် အလိုလျောက်ထည့်သွင်းသွားမည်ဖြစ်သည်။ ၄င်းပုံစံသည် အက်ပလီကေးရှင်းဝန်ထမ်းအား အသုံးပြုသူထံမှ စုစည်းရောက်ရှိလာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် နှင့် မြန်မာနှင့် မလေးရှားရှိ အမုန်းစကားရေစီးကြောင်းကို ပိုမိုလေ့လာနိုင်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။
အသုံးပြုသူသည် ၄င်း၏သတင်းအချက်အလက်များကို စုစည်းထားရှိခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂသို့တိုင်ကြားခြင်း သို့မဟုတ် ဆိုရှယ်မီဒီယာပလက်ဖောင်းများသို့တိုင်ကြားခြင်း၊ အများပြည်သူသို့ အစီရင်ခံခြင်း သို့မဟုတ် မည်သည့်နည်းလမ်းတခုကိုမျှ မရွေးချယ်ခြင်းတို့အပေါ် ဆန္ဒပြု ဖော်ပြနိုင်သည်။
အက်ပလီကေးရှင်းဝန်ထမ်းက စုဆောင်းရရှိလာသော သတင်းအချက်အလက်များသည် သုံးသပ်လေ့လာခြင်း နှင့် တိုင်ကြားမှုများအတွက် အသုံးပြုနိုင်ချေရှိခြင်း သို့မဟုတ် အောက်ပါအချက်များ ပါဝင်သော အစီရင်ခံတင်ပြခြင်း
• ဖြစ်ပွားမှု တွေ့ရှိရာ နေရာဖြစ်ရပ်၏ အကျိုးသက်ရောက်မှုနှင့် ပတ်သတ်သော သတင်းအချက်အလက်များ
ဖြစ်ရပ်၏ အကျိုးသက်ရောက်မှုနှင့် ပတ်သတ်သော သတင်းအချက်အလက်များ (ရွေးချယ်နိုင်)- အသုံးပြုသူ၏ အိပ်စက်ခြင်း၊ စားသောက်ခြင်းဆိုင်ရာ အလေ့အထများအပေါ်တွင်လည်းကောင်း၊ အသုံးပြုသူ သို့မဟုတ် အခြားတယောက်၏ လုံခြုံရေးဆိုင်ရာ ခံစားချက်များအပေါ်တွင်လည်းကောင်း၊
အရာဝတ္ထုများအသုံးပြုခြင်းအပေါ်တွင်လည်းကောင်း၊ စွဲဆိုထားသော ပြစ်မှုကျူးလွန်သူနှင့် ဆက်နွယ်နေသည့် အုပ်စုဝင်များနှင့် ဆက်ဆံရေးများအပေါ် သက်ရောက်မှုများ
အထက်တွင်ဖော်ပြထားသကဲ့သို့ အက်ပလီကေးရှင်းသည် အသုံးပြုသူ၏ ဘေးကင်းမှုနှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို အခြေပြု ဖန်တီးထားခြင်းဖြစ်သည်။ ၄င်းသည် အသုံးပြုသူနှင့် အက်ပီကေးရှင်းဝန်ထမ်းအကြား မည်သည့်ဆက်သွယ်မှုအတွက်ကိုမဆို အသုံးပြုသူ၏ ဆန္ဒကို မေးမြန်းသွားမည်ဖြစ်ပြီး အသုံးပြုသူသည် အမည်မဖော်ပြလိုသော အသုံးပြုခြင်း၊ အချက်အလက်များ စုစည်းခြင်း တို့အတွက် အက်ပလီကေးရှင်းအား အသုံးပြု၍ ဆန္ဒပြု သုံးစွဲနိုင်မည်ဖြစ်သည်။ အသုံးပြုသူ၏ အချက်အလက်များကို အသုံးပြုသူက နောက်ကျ ဆန္ဒပြုခဲ့သည်ဖြစ်စေ၊ ၄င်းမှတ်ယူထားသကဲ့သို့ မည်သည့်အဖွဲ့အစည်းကိုမှ မျှဝေသွားမည်မဟုတ်ပါ။
အခြားတဖက်တွင်လည်း အက်ပလီကေးရှင်း၏ နည်းပညာပိုင်းဆိုင်ရာ ဖန်တီးမှုသည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံရေးအတွက် အဓိကထား လုပ်ဆောင်ထားသည်။ အက်ပလီကေးရှင်းသည် cookies များနှင့် အလားတူ နည်းပညာပိုင်းဆိုင်ရာ မှတ်သားမှုများ အသုံးမပြုထားပါ။ ဝဘ်ဆိုင်နှင့် အသုံးပြုသူ၏ အချက်အလက်များသည် Australia ရှိ Google Cloud Platform Servers များပေါ်တွင် တည်ရှိပါသည်။ အက်ပလီကေးရှင်းသည် Data Loss Prevention (DLP) နည်းလမ်းကို အသုံးပြုထားပြီး အချက်အလက်များ ခိုးယူခံရခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် မရည်ရွယ်ဘဲ ဖျက်မိခြင်းများကို ကာကွယ်နိုင်သည့် နည်းလမ်းများ အသုံးပြုထားသည်။ ထားသိုထိမ်းသိမ်းရာများတွင် Build in Disk Clustering and Redundancy များ ပံ့ပိုးထားသည်။ အခွင့်ရှိသူများသာ အချက်အလက်များထံဝင်ရောက်နိုင်ခြင်း၊ ရွေ့ပြောင်းနိုင်ခြင်း တို့အတွက် အကာအကွယ်များ ထားရှိထားခြင်း၊ အချက်အလက်များ၏ အကြောင်းအရာများကို ပြောင်းလဲရန်အတွက် မှန်ကန်သည့် ကုတ်စနစ်များထည့်သွင်းမှသာ လုပ်ဆောင်နိုင်သော ကုတ်စနစ်များထားရှိခြင်း၊ ခိုးယူဖတ်ရှုခြင်းများ မလုပ်ဆောင်နိုင်ရန် ကုတ်စနစ်များထားရှိခြင်း
အသုံးပြုသူသည် အက်ပလီကေးရှင်းကို အသုံးမပြုမီ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုင်ရာ မူဝါဒကို ၄င်းရွေးချယ်ထားသည့် ဘာသာစကားအလိုက်(English, Burmese, Malay) ရှင်းလင်းဖော်ပြထားချက်ကို တွေ့ရှိရမည်ဖြစ်သည်။
သင်ယူခြင်းနှင့် တိုးချဲ့ခြင်းဤအက်ပလီကေးရှင်းသည် အမုန်းစကားဖြစ်ပွားမှုများအပေါ် (၁) အမုန်းစကားကျူးလွန်ခံရသူအတွက် တိုင်ကြားနိုင်သော ယန္တရားတခု ကမ်းလှမ်းခြင်း န
(၂) ကျူးလွန်ခံရသူများ နှင့် ရပ်ရွာအဖွဲ့ဝင်များကို ဥပဒေပိုင်းဆိုင်ရာရင်းမြစ်များ၊ ရှိပြီးဖြစ်သော တိုင်ကြားနိုင်သည့် ယန္တရားများ အသိပညာပေးခြင်းနှင့် ရင်းမြစ်များ ထောက်ပံ့ခြင်း (၃) အမုန်းစကားနှင့် ပတ်သတ်သော အချက်အလက်များကို စုစည်းထားရှိခြင်းနှင့် သင့်တော်သော ယန္တရားသို့ တိုင်ကြားနိုင်ခြင်း အစရှိသော ကုစားမှုများ ဖော်ဆောင်ထားသည့် စမ်းသပ်ပရောဂျက်တခု ဖြစ်သည်။
အမုန်းစကားနှင့် ဆက်နွယ်သော အချက်အလက်များ စုစည်းထားရှိခြင်းသည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအထိ အမုန်းစကားအဓိပ္ပါယ်အပေါ်တွင် သဘောတူညီမှု မရှိသေးခြင်း နှင့် မျှတ၍ ထိရောက်သော နည်းလမ်းတခုအဖြစ် မူပိုင်တင်ကျန်ရစ်စေခြင်း တို့ကြောင့်ဖြစ်သည်။
ကျူးလွန်ခံရသူများကို ၄င်းတို့ကြုံတွေ့နေရသော အခက်အခဲများအပေါ် တိုင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း နှင့် ကာကွယ်စောင့်ရှောက်နေသော အုပ်စုများ ကြုံတွေ့နေရသော အခြေအနေများကို ကောင်းစွာ နားလည်သဘောပေါက်မှုကို မြင့်တင်ပေးထားသည်။ အချက်အလက်များသည် စည်းရုံးလှုံဆော်ရေးဆိုင်ရာ အားထုတ်မှုကိုလည်း မြင့်တင်စေနိုင်သည်။
ထို့အပြင် မြန်မာနှင့် မလေးရှားတို့ကဲ့သို့သော ICERD ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့် နိုင်ငံများရှိ အမုန်းစကားဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတွင်း နှင့် နိုင်ငံတကာ တာဝန်ရှိသူများ ၏ တားဆီးကာကွယ်ရေးနှင့် တာဝန်ယူမှုရှိရေးဆိုင်ရာ လုပ်ငန်းစဥ်များအဖြစ် ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နိုင်သည့် အဆင့်များအနေနှင့် တည်ရှိနိုင်ပါသည်။
၄င်းသည် အမုန်းစကားပြန့်နှံ့မှုများကို ထိန်းချုပ်ခြင်းအတွက် အရပ်ဘက်အဖွဲ့အစည်းများက လှုပ်ရှားသူများ၏ ပါဝင်နိုင်သော အခန်းကဏ္ဌအတွက် အရေးပါသည့် အချက်တခုလည်းဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ဖော်ပြချက်အရ အရပ်ဘက်အဖွဲ့အစည်းများမှ လှုပ်ရှားဆောင်ရွက်သူများသည် ၄င်းတို့၏ လုပ်ငန်းစဥ်များကို ချဲ့ထွင်သင့်သည်။ ၄င်းတွင် အွန်လိုင်းအမုန်းစကားများကို စောင့်ကြည့်လေ့လာခြင်း၊ အွန်လိုင်းအမုန်းစကားများ ကျူးလွန်ခံရသူများကို ထောက်ပံ့ကူညီခြင်း၊ အွန်လိုင်းအမုန်းစကားများကို တိုင်ကြားနိုင်သည့် ပလက်ဖောင်းများ၏ တာဝန်ရှိမှုကို စောင့်ကြည့်လေ့လာခြင်း၊ အစီုးရပိုင်းဆိုင်ရာမှ အွန်လိုင်းအမုန်းစကားများအပေါ် တုန့်ပြန်ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာခြင်း၊ အွန်လိုင်းအမုန်းစကား အသစ်များ၏ သရုပ်သကန်ကို ဖော်ထုတ်သတ်မှတ်ခြင်း၊ ခြိမ်းခြောက်မှုများကို ခြေရာခံခြင်းနှင့် အစိုးရအပါအဝင် ပါဝင်ပတ်သတ်သူများကို နိုးဆော်ခြင်း၊ ဥပဒေကြောင်းအရ ခိုင်မာစေမှုရှိစေရန် စုံစမ်းစစ်ဆေးမှုများအတွက် အချက်အလက်များ ဖြည့်ဆည်းပေးခြင်းအားဖြင့် အထောက်အကူပြုခြင်း၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို လိုအပ်သည့်အခါ အထူးကျွမ်းကျင်မှုစွမ်းရည်များ ဖြည့်ဆည်းပေးခြင်းအားဖြင့် အထောက်အကူပြုခြင်း၊ အမုန်းစကားစောင့်ကြည့်လေ့လာမှုတွင် ပိုမိုကျယ်ပြန့်သော ညှိနှိုင်းလုပ်ဆောင်မှုများ မြင့်တက်စေသည့် ပလက်ဖောင်းများ ဖန်တီးခြင်း၊ NHRI များနှင့် အခြားလူထု အသိပညာပေးအစီအစဥ်များ၊ မီဒီယာ စေ့စပ်ညှိနှိုင်းမှုများ နှင့် အခြားနည်းလမ်းများ အသုံးပြု၍ ဥပဒေကြောင်းအရ ခိုင်မာစေခြင်း စသည်တို့ အကျုံးဝင်ပါသည်။
SOS Hate ပလက်ဖောင်းသည် အသုံးပြုသူများ၏ မေးခွန်းများနှင့် အကြံပြုချက်များ၊ စုစည်းထားရှိသော အချက်အလက်များမှ ထွက်ပေါ်လာချက်များအပေါ် အခြေခံ၍ ပြင်ဆင်ခဲ့ပြီး တိုးမြင့်လာခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍ အသုံးပြုသူများသည် အမုန်းစကားနှင့် ပတ်သတ်သည့် စိန်ခေါ်မှုများအပေါ် အကြံဥာဏ်တောင်းခံရန် ရည်ရွယ်ခြင်း သို့မဟုတ် အခြားသော အက်ပလီကေးရှင်း ရေးဆွဲသူများနှင့် ပတ်သတ်၍ သိရှိရန် ရည်ရွယ်လျင် ၄င်းအချက်အလက်များကို အက်ပလီကေးရှင်း၏ ဖော်ပြချက်များတွင် ထည့်သွင်းထားပါသည်။ အကယ်၍ SOS Hate အက်ပလီကေးရှင်းသည် မြန်မာ နှင့် မလေးရှားရှိ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေခဲ့သော် ၄င်းအား အာရှ- ပစိဖိတ်ဒေသရှိ အသုံးပြုသူများအတွက် ဘာသာစကားနှင့် ရင်းမြစ်များ ပါဝင်သော နည်းလမ်းတခုအဖြစ်ချဲ့ထွင်သွားမည်ဖြစ်ပါသည်။