အမုန်းစကားနှင့် စပ်လျဥ်းသော

နိုင်ငံတကာ အသုံးအနှုန်းများတွင် အမုန်းစကားဆိုသည်မှာ တစုံတယောက်အပေါ်၄င်း၏ အုပ်စုတစုဝင်ဖြစ်မှုအပေါ် အခြေခံ၍ ရှေးရှုသော အမုန်းတရား၊ ရန်လိုမှု သို့မဟုတ် မနှစ်မြိုမှုကို ဖော်ပြသော ဖော်ြပချက်များကို ဆိုလိုသည်။ အများအားဖြင့် အမုန်းစကားတွင် ရည်ညွန်းလေ့ရှိသော အုပ်စုများမှာ ဂျန်ဒါတမျိုးမျိုး(ဥပမာ အမျိုးသမီးများ)၊ လိင်စိတ်တိမ်းညွတ်မှု (ဥပမာ လိင်တူချစ်သူများ)၊ ဘာသာတရား (ဥပမာ မူစလင်များ) သို့မဟုတ် တိုင်းရင်းသားဖြစ်မှု (ဥပမာ ရိုဟင်ဂျာများ) တို့ ဖြစ်ကြသည်။ သို့သော်ြငားလည်း အမုန်းစကားကို လူမျိုး၊ နိုင်ငံရေးခံယူချက်၊ နိုင်ငံသားဖြစ်မှု၊ အတွေးအခေါ်၊ လိင်ဝိသေသဖော်ပြချက် နှင့် အခြားမည်သည့် အုပ်စုများအပေါ်တွင်ဖြစ်စေ အခြေခံနိုင်ပြီး လူမှုအသိုင်းဝိုင်းအတွင်း အုပ်စုများခွဲခြားရန် ဖြစ်စေ ၄င်းတို့နှင့်ပတ်သတ်ပြီး အခြေအမြစ်မတိကျသော မှန်းဆဖော်ြပချက်များတွင် ဖြစ်စေ အသုံးပြုလျက်ရှိပါသည်။

အမုန်းစကားဆိုရာတွင် နှုတ်ဖြင့်ပြောဆိုသည့် စကားလုံးများ၊ စာဖြင့်ရေးသားချက်များ၊ ရုပ်ပုံများနှင့် အမုန်းစကားများ ပြဌာန်းပါဝင်သော ဗီဒီယိုများ အားလုံးအကျုံးဝင်ပါသည်။ လူအုပ်စုတစုနှင့် ပတ်သတ်ပြီး အနုတ်လက္ခဏာဆောင်သော အယူအဆများ၊ အခြေအမြစ်မတိကျသော မှန်းဆချက်များ အစရှိသည့် မည်သည့် ဖော်ြပချက်မဆို အမုန်းစကားအဖြစ် ရည်ညွန်းပြောဆိုနိုင်သည်။

လွတ်လပ်စွာ ပြောဆိုမှုကို ကာကွယ်ခြင်း နှင့် အမုန်းစကား တားဆီးကာကွယ်မှုအကြား ထိန်းညှိချက်ကို နားလည်စေရန် နိုင်ငံတကာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့််အရေးဆိုင်ရာ သဘောတူစာချုပ် (၁၉၆၆) မှ အကောင်းဆုံးစတင်လေ့လာနိုင်ပါသည်။

အပိုဒ် (၁၉)

၁) လူသားတိုင်းသည် မည်သည့် စွက်ဖက်မှုမှ မပါဘဲ မိမိတို့၏ အတွေးအခေါ်အယူအဆများကို လွတ်လပ်စွာ စွဲကိုင်ပိုင်ခွင့်ရှိသည်။
၂) လူတိုင်းလွတ်လပ်စွာ ပြောဆိုရေးသားဖော်ပြပိုင်ခွင့်ရှိသသည်။ ဤအခွင့််အရေးတွင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ နယ်နိမိတ်ပိုင်းခြားကျော်လွန်၍ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ၊ အနုပညာတမျိုးမျိုးနှင့် ဖြစ်စေ၊ အမျိုးမျိုးသော သတင်းအချက်အလက် အတွေးအခေါ်များကို လွတ်လပ်စွာ ဖြန့်ချီပိုင်ခွင့်နှင့် ထုတ်ဖော်ပြသပိုင်ခွင့်တို့ ပါ အကျုံးဝင်သည်။
၃) ယခုအပိုဒ်ပါပြဌာန်းချက်ဖြစ်သော အပိုဒ်ခွဲ (၂) ကို ကျင့်သုံးရာတွင် အထူးစောင့်ရှောက်ရန် တာဝန်နှင့် ဝတ္တရားများပါရှိပါသည်။ ထို့ကြောင့် ဤအခွင့်အရေးကို ကန့်သတ်မှုများရှိနိုင်ပြီး ကန့်သတ်မှုတိုင်းသည် ဥပဒေအရကန့်သတ်မှုများ ဖြစ်စေရမည်ဖြစ်ပြီး
(က) အခြားသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ကို လေးစားရမည်။
(ခ) နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူ သဟဇာတဖြစ်ရေး နှင့် အများပြည်သူ ကျန်းမာရေး၊ စာရိတ္တများကို ကာကွယ်ရန်ဖြစ်ရမည်။

အပိုဒ် (၂ဝ)

၁)စစ်မက်ဖြစ်ပွားစေရန် မည်သည့်ဝါဒဖြန့်မှုမျိုးကို မဆို ဥပဒေဖြင့် တားမြစ်ရမည်။
၂) လူအချင်းချင်း ခွဲခြားဆက်ဆံမှုကို ဖြစ်စေသော၊ ရန်လိုမှု သို့မဟုတ် အကြမ်းဖက်မှုကို ဖြစ်စေသော မည်သည့် အမျိုးသားရေး၊ လူမျိုးရေး နှင့် ဘာသာရေးဆိုင်ရာ သွေးထိုးလှုံ့ဆော်မှုများကိုမဆို ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရမည်။

အပိုဒ် ၂၀ (၂) သည် အထိခိုက်နိုင်ဆုံး အမုန်းစကားများကို ဖော်ပြထားပြီး မည်သို့သော အမုန်းစကားများကို တားမြစ်ပိတ်ပင်သင့်သည်ကို ဖော်ပြထားခြင်းဖြစ်သည်။ သို့ရာတွင် ၄င်း၏ ဆက်နွယ်မှုသည် ကျဥ်းမြောင်းလှသည်။ အခြား ကျယ်ပြန့်စွာ ဖွင့်ဆိုထားချက်များကို အောက်တွင် ဖော်ပြထားပါသည်။

“…….” လူမျိုးရေး မုန်းတီးမှု၊ အမျိုးသားရေးမုန်းတီးမှုများကို သွေးထိုးလှုံဆောက်သည့် မည်သည့် ဖော်ပြချက်များ၊ Semitism နှင့် သည်းခံနိုင်မှုမရှိသော ဖော်ပြချက်များအားလုံး (Council of Europe Committee of Ministers, Recommendation No. R(97)20, 1997)

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ၏ Rabat Plan of Action (13) တွင် ပိုမို တိကျကျယ်ပြန့်သော သုံးသပ်လေ့လာချက်ကို တွေ့ရှိနိုင်ပါသည်။ a) (က)နောက်ခံအခြေအနေအကြောင်းအရာ – ဖော်ပြချက်တစုံတရာသည် ခွဲခြားဆက်ဆံမှုဖြစ်စေသည်၊ ရန်လိုမှုများဖြစ်စေသည် သို့မဟုတ် ဦးတည်အုပ်စုအပေါ် အကြမ်းဖက်မှုများ ဖြစ်စေသည်ကို ဖွင့်ဆိုရှင်းပြနိုင်ရန် နောက်ခံအခြေအနေ အကြောင်းအရာ သည် အလွန်အရေးကြီးပါသည်။ ထို့အပြင် ၄င်းအကြောင်းအရာ ဖော်ပြချက်သည် ရည်ရွယ်ချက်ရှိစွာလုပ်ဆောင်ခြင်းနှင့် ဆက်စပ်အကျိုးသက်ရောက်ခြင်းတို့နှင့်လည်း တိုက်ရိုက်ဆက်နွယ်မှုရှိနေနိုင်ပါသည်။ နောက်ခံအခြေအနေအကြောင်းအရာအပေါ် သုံးသပ်လေ့လာခြင်းသည် ပြောဆိုမှု ၏လူမှု‌ရေးနှင့် နိုင်ငံရေးရာ အခြေအနေများပေါ်တွင် ပျံနှံရောက်ရှိသွားမှုများအပေါ်တွင် အခြေပြုလုပ်ဆောင်သင့်သည်။
(ခ) ပြောဆိုသူ – ပြောဆိုသူ၏ လူမှုအသိုင်းအဝိုင်းအတွင်း နေရာ နှင့် အဆင့်အတန်းကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါသည်။ အထူးသဖြင့် ပြောဆိုမှုကို တိုက်ရိုက်လက်ခံရရှိမည့် တသီးပုဂ္ဂလ သို့မဟုတ် အဖွဲ့အစည်းလိုက် ပရိသတ်၏ တည်ရှိမှုအခြေအနေ

(ဂ) ရည်ရွယ်ချက် – နိုင်ငံတကာ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ် (၂၀) တွင် ရည်ရွယ်ချက်ကို ညွန်းဆိုဖော်ပြထားသည်။

၄င်းစာချုပ်၏ အပိုဒ် ၂၀ သည် လုပ်ဆောင်ချက်တစုံတခုအပေါ် တုန့်ပြန်ဆောင်ရွက်နိုင်သည့် ချိုးဖောက်မှုများကို အရေးယူခြင်း နှင့် ကျိုးကြောင်းဆက်နွယ်စဥ်းစားမှုမပြုခြင်းတို့ကို ခြုံငုံမိခြင်းမရှိပေ။ ၄င်းအပိုဒ်သည် ကိစ္စရပ်များကို သင့်တော်သော ဖြန့်ဝေမှု နှင့် လှည့်လည်ဆောင်ရွက်များထက် စည်းရုံးလှုံ့ဆော်ခြင်း နှင့် တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုသာ အလေး‌ပေးဖော်ပြထားသည်။ ထို့အတွက်ကြောင့် ပြောဆိုမှုကို ပြုလုပ်သူ နှင့် ပြုလုပ်ခံရသူအပါဝင် ပရိသတ်တို့အကြား သုံးပွင့်ဆိုင်ဆက်နွယ်မှုကို အသက်သွင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။

(ဃ) အကြောင်းအရာဖော်ပြချက် နှင့် ပုံစံ – ပြောစကား၏ အကြောင်းအရာဖော်ပြချက်သည် တရားနည်းလမ်းတကျ ထည့်သွင်းစဥ်းစားမှု၏ အဓိက ဗဟိုချက်ဖြစ်ပြီး တိုက်တွန်းနှိုးဆော်မှု၏ ဝေဖန်ပိုင်းခြားဖွယ်ရာ အစိတ်အပိုင်းတခုလည်းဖြစ်သည်။ အကြောင်းအရာဖော်ပြချက်ကို သုံးသပ်လေ့လာရာတွင် ပြောစကား၏ သက်ရောက်နိုင်စွမ်း နှင့် ရေးရှုနိုင်မှု အတိုင်းအတာ နှင့်အတူ ပုံစံ၊ အနေအထား၊ ပြောစကား၏ သက်ရောက်မှုဖြစ်စေသော ထောက်ပြပြောဆိုမှု သို့မဟုတ် တုန့်ပြန်ဆောင်ရွက်မှုနှင့် သက်ရောက်မှုဖြစ်သော ထောက်ပြပြောဆိုမှုတို့ အကြား ထိန်းညှိခြင်းများ ပါဝင်သင့်သည်။

(င) ပြောဆိုလှုပ်ရားမှု၏ ပျံ့နှံ့မှု – ပျံနှံမှုဆိုရာတွင် ပြောဆိုလှုပ်ရှားမှု၏ ရောက်ရှိသည့်အတိုင်းအတာ၊ ၄င်း၏ လူထုအတွင်းရှိနေသည့်အနေအထား၊ ကြီးမားကျယ်ပြန့်မှု နှင့် ပရိသတ်ဦးရေ အစရှိသော အချက်များပါဝင်သင့်သည်။

အခြားထည့်သွင်းစဥ်းစားရန် အချက်များမှာ ပြောစကားသည် လူအများကြားပြောဆိုခြင်းဟုတ်မဟုတ် နှင့် မည်မျှအထိ ကြီးမားကျယ်ပြန့်သွားစေရန် အသုံးပြုလုပ်ဆောင်ခဲ့သည်တို့ဖြစ်သည်။ ဥပမာ လက်ကမ်းစာစောင်တရွက် သို့မဟုတ် ပင်မမီဒီယာတွင် ထုတ်လွှင့်မှု သို့မဟုတ် အင်တာနက်အသုံးပြု၍ ထုတ်လွှင့်မှု စသည်။ ၄င်းအချက်များကိုစဥ်းစားရာတွင် ပရိသတ်များသည် တိုက်တွန်းနှိုးဆော်ချက်အပေါ် လုပ်ဆောင်ရန် ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြောစကား သို့မဟုတ် လုပ်ဆောင်ချက်သည် တားမြစ်ကန့်သတ်ထားသည့် ဝန်းကျင်သို့ ပျံ့နှံ့ရောက်ရှိသွားသည်ဖြစ်စေ၊ မရောက်ရှိသည်ဖြစ်စေ၊ အများပြည်သူအကြား ကျယ်ပြန့်စွာ ရောက်ရှိပျံ့နှံသွားသည်ဖြစ်စေ ၄င်း၏အကြိမ်အ‌ရေအတွက်၊ ပမာဏ၊ ဆက်သွယ်ပျံ့နှံမှုအတိုင်းအတာ များကို ထည့်သွင်းစဥ်းစားသင့်ပါသည်။

(စ) အကြမ်းဖက်မှုဖြစ်ပွားခြင်း ( ဖြစ်အံဆဲဆဲအခြေအနေများအပါအဝင်) – ဥပဒေချိုးဖောက်သည့် ပြစ်မှုများဟု အဓိပ္ပါယ်ရ‌သော သွေးထိုးလှုံဆော်မှု။ သွေးထိုးလှုံ့ဆော်သော ပြောစကားကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုများသည် ပြစ်မှုတခုမြောက်သည်အထိ ဖြစ်ပွားခြင်းမျိုး မဖြစ်သင့်ပေ။ သို့တည်းမဟုတ် အချို့သော အန္တရယ်ရှိသည့် ထိခိုက်မှုများ၏ အဆင့်ကို သတ်မှတ်ထားသင့်သည်။ ဆိုလိုသည်မှာ ဦးတည်အုပ်စုအပေါ် ပြောစကား၏ သက်‌ရောက်နိုင်မှု နှင့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာနိုင်မှုများနှင့် စပ်လျဥ်း၍ ကျိုးကြောင်းဆီလျော်သော ဖြစ်နိုင်ချေများကို တရားဥပဒေအရ ဆုံးဖြတ်ထားရှိခြင်း နှင့် တိုက်ရိုက်ထိစပ်နိုင်သော ဆက်နွယ်မှုများကို သတ်မှတ်ခြင်းတို့ဖြစ်သည်။

နောက်ဆုံးအနေနှင့် ထုတ်ဖော်ပြောဆိုမှုအပေါ် အဓိကထားသော Article 19 အဖွဲ့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် အမုန်းစကားများ၏ ထိခိုက်နိုင်မှုအကြား ထိန်းညှိမှုကို ဖော်ပြထားသည့် အမုန်းစကားပိရမစ် ကို ဖော်ပြအပ်ပါသည်။ (Article 19, Hate Speech Explained: A Toolkit,2015 မှ)

အမုန်းစကားနှင့် ပတ်သတ်သော သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့၏ အရင်းမြစ်များ စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။