အဖွဲ့အစည်းများနှင့် စပ်လျဥ်းသော

ALTSEAN-Burma

ALTSEAN-Burma (Alternative ASEAN Network on Burma) ကို ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် ဘန်ကောက်၌ ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ Alternative ASEAN အစည်းအဝေးတွင် မတူကွဲပြားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ကွန်ရက်က ဖွဲ့စည်းခဲ့သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့မှ အဓိက ကွန်ရက်များနှင့် အဖွဲ့အစည်းများအကြား မဟာဗျူဟာမြောက် ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခိုင်မာစေရန်၊ အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်လူရွယ်များ၊ တိုင်းရင်းသား လူမျိုးစုများ၊ LGBTQ+ အသိုင်းအ၀ိုင်း၊ ဖယ်ရှားခံရ၍ ရွှေ့ပြောင်း နေထိုင်လိုက်ရသူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် တခြားဖယ်ကျဥ်ခံထားရသော လူ့အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးကူညီရန်။ ပေါ်ပေါက်လာသော လိုအပ်ချက်များနှင့် အရေးပေါ် ဖွံ့ဖြိုးတိုးတက်မှုများကို တုံ့ပြန်သည့် ဆန်းသစ်သော မဟာဗျူဟာများကို အကောင်အထည်ဖော်ရန်၊ ဤရည်ရွယ်ချက်များအတွက် လက်တွေ့ကျသောအရင်းအမြစ်များထုတ်လုပ်ရန်ဖြစ်သည်။

ALTSEAN သည် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှု၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ရက်စက်ကြမ်းကြုတ်မှု တားဆီးကာကွယ်ရေး၊ ကျယ်ပြန့်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကိစ္စများကို အဓိကထား၍ ဘန်ကောက်ရှိ ၎င်း၏ရုံးမှ စည်းရုံးလှုံ့ဆော်မှု၊ သင်တန်းများပို့ချမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ၎င်း၏ ရည်မှန်းချက်ကို လုပ်ဆောင်သည်။ ALTSEAN သည် ၎င်းတို့၏ ခိုင်မာသော ခွဲခြမ်းစိတ်ဖြာမှုနှင့် မူဝါဒအကြံပြုချက်များကို ပေးဆောင်ခြင်း အပါအဝင် နိုင်ငံတကာ မဟာဗျူဟာဖိုရမ်များတွင် ပြည်တွင်းမှ အသံများကြားနိုင်ရန် အခြေခံလူ့အသိုင်းအ၀ိုင်းမှ တက်ကြွလှုပ်ရှားသူများကိုလည်း ပံ့ပိုးပေးပါသည်။

APPAP - Asian Pacific Partnership ATROCITY PREVENTION

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့သော Asia Pacific Partnership for Atrocity Prevention (APPAP) သည် ဒေသတွင်း ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးကာကွယ်ရန်နှင့် ထိလွယ်ရှလွယ်သော လူမှုအသိုင်းအဝိုင်းများကို အကာအကွယ်ပေးရန် ရည်ရွယ်သော အဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခုဖြစ်သည်။ ဩစတေးလျနိုင်ငံ၊ ဘရစ်(စ်)ဘိန် ရှိ ကွင်း(စ်)လန်း(ဒ်) တက္ကသိုလ်တွင် အခြေစိုက်သည့် Asia Pacific Center for the Responsibility to Protect (APR2P) သည် APPAP ၏ အတွင်းရေးမှူးရုံးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

နယ်ပယ်တွင်း၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူများ၏ စွမ်းဆောင်ရည်များကို ဆော်ဩစည်းရုံးခြင်းဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးကာကွယ်ရန် အကျိုးအကြောင်း ညီညွတ်၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်စေရန် ကူညီဆောင်ရွက်ပေးမှုမှာ APPAP ၏ ရည်ရွယ်ချက်ဖြစ်သည်။ APPAP ၏တည်ထောင်သူအဖွဲ့ဝင်များသည် ၎င်းတို့၏လုပ်ဆောင်မှုကို လမ်းညွှန်ရန် အဓိကမူ (၆) ချက်ကို ထောက်ခံခဲ့သည်-

၁) ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အစိုးရများအားလုံး သဘောတူညီထားသည့်အတိုင်း ကာကွယ်ရန် တာဝန်ရှိမှုကို အပြည့်အဝ အကောင်အထည်ဖော်ရေး၊

၂) အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေကို အပြည့်အဝအကောင်အထည်ဖော်ရေး၊

  • လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ဆိုင်ရာ သဘောတူစာချုပ်
  • နိုင်ငံတကာရာဇ၀တ်တရားရုံး၏ ရောမဥပဒေ
  • နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်နှင့် ဒုတိယရွေးချယ်ခွင့်ဆိုင်ရာ ပရိုတိုကော (၁၉၈၉)၊
  • လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်
  • ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းကို ဆန့်ကျင်သည့် သဘောတူညီချက်
  • အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်
  • လူမျိုးရေးခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်
  • ဒုက္ခသည်များ၏အခြေအနေနှင့် ၁၉၆၇ ပရိုတိုကောနှင့်ပတ်သက်သည့် သဘောတူညီချက်
  • ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်
  • လက်နက်ကုန်သွယ်မှုစာချုပ်

၃) အားလုံးပါဝင်မှုနိယာမကို လေးစားမှုအပြည့်၊

၄) ယဉ်ကျေးမှု ကွဲပြားမှုကို အသိအမှတ်ပြု လေးစားခြင်း၊

၅) လုပ်ငန်းကဏ္ဍအားလုံးအတွက် လိင်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ် ချဉ်းကပ်မှုများ လိုအပ်ကြောင်း အသိအမှတ်ပြုခြင်း၊ နှင့်

၆)တရားဥပဒေ စိုးမိုးရေး၏တန်ဖိုး၊ တရားဥပဒေဆိုင်ရာ တာဝန်ခံမှုနိယာမနှင့် အပြစ်ပေးခံရခြင်းတို့ကို အဆုံးသတ်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုခြင်း၊ တို့ဖြစ်သည်။

Beyond Borders

Beyond Borders Malaysia ကို ဆုပေါင်းများစွာရရှိခဲ့သော စုံစမ်းစစ်ဆေးရေးရုပ်ရှင်ဖန်တီးသူနှင့် သတင်းထောက် Mahi Ramakrishnan မှ တည်ထောင်ခဲ့သည်။ သူမသည် လူ့အခွင့်အရေး လှုပ်ရှား သူတစ်ဦးလည်းဖြစ်သည်။

Beyond Borders Malaysia သည် ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်းသူများ၊ နိုင်ငံမဲ့သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်ရန်နှင့် ကာကွယ်ရန် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ universality of rights မူကို လက်ကိုင်ထား၍ မည်သူတစ်ဦးတစ် ယောက်ကိုမျှ ခွဲခြား ဆက်ဆံခြင်းမရှိခြင်း၊ ဘက်လိုက်ခြင်းမရှိခြင်းကို အဓိကထား၍၊ တရား မျှတမှုနှင့် ပွင့်လင်းမြင်သာမှုကိုလည်း ကျွန်ုပ်တို့အဖွဲ့အစည်း၏ ကျောရိုးအဖြစ်လက်ခံထားသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များပွဲတော် (မလေးရှားနိုင်ငံတ္ငင် ပထမဆုံးအကြိမ်)၊ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ မလေးရှားလူ့အဖွဲ့အစည်းနှင့် ၎င်းတို့ကို ချိတ်ဆက်ခြင်းဖြင့် ဒုက္ခသည်များ၏ အသံများကို ကြားနိုင်စေရန်အတွက် ကျွန်ုပ်တို့သည် အမျိုးမျိုးသော ပလက်ဖောင်းများကို ဖန်တီးပါသည်။ ယင်းနည်းအားဖြင့် တိုင်းပြည်မှာ မြင့်တက်လာနေသော ဒုက္ခသည်များအား ကြောက်ရွံ့မုန်းတီးမှုနဲ့ အမုန်းတရားတွေကို တွန်းလှန်ဖို့ ကြိုးပမ်းနေပါသည်။

Beyond Borders Malaysia သည် အသက်မွေးဝမ်းကျောင်းမှု အစပျိုးမှုများကိုလည်း စတင်ခဲ့ပြီး ဒုက္ခသည်များအား အလုပ်လုပ်ကိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှူ လက်လှမ်းမှီနိုင်စွမ်းနှင့် ဖွဲ့စည်းတည်ဆောက်ထားသော ပညာရေးတို့ကို ပေးနိုင်သည့် ပြည့်စုံသော မူဝါဒတစ်ခု ချမှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

Pluralistic Society

ဗဟုရပ်၀န်း (ယခင်က The Seagull) ကို မန္တလေးမြို့တွင် ထင်ရှားသော လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများနှင့် ဘာသာရေးခေါင်းဆောင်များမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများကို အပြည့်အဝ လေးစားလိုက်နာပြီး ဆွေးနွေးပွဲများကို အားပေးသည့် ငြိမ်းချမ်းပြီး သဟဇာတရှိသော လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ မန္တလေးတိုင်းနှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင် လူမျိုးရေးအကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဆန်းသစ်သော ဘာသာပေါင်းစုံ ချဉ်းကပ်မှုအတွက် နာမည်ကောင်း ရရှိထားသည်။ ထို့အပြင် ပြည်တွင်းရှိ လူမှုအဖွဲ့ဝင်များ၊ အစိုးရအာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် ကျွန်ုပ်တို့ အဖွဲ့အစည်းအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုများ လျော့နည်းစေရန်အတွက် အသိပညာပေးခြင်း၊ လှုံ့ဆော်မှုများနှင့် အချက်အလက် ပြုစုခြင်းများအတွက် စွမ်းစွမ်းတမံ လုပ်ရှားခြင်းများကို အသိအမှတ်ပြုသည်။ ဗဟုရပ်၀န်း သည် မြန်မာနိုင်ငံရှိ ဘာသာရေး ဗဟုဝါဒကို မြှင့်တင်ရန်နှင့် ဘာသာရေး အချင်းချင်း ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုတွင် ထဲထဲဝင်ဝင် ပါဝင်နေပါသည်။